Rice Milling Solutions in Myanmar | Bühler Group
top of page
rice person.jpg

Siam Parboiled - ထိုင်းနိုင်ငံရှိ စွမ်းဆောင်နိုင်စွမ်း မြင့်မားသော ဆန်စပါး ထုတ်လုပ်မှုလုပ်ငန်း

ထိုင်းနိုင်ငံရှိ Siam Parboiled Rice သည် ကမ္ဘာတစ်ဝှမ်း နေရာလပ်မကျန်သို့ ၎င်းတို့၏ဆန်စပါးအား တင်ပို့ရောင်းချလျက် ရှိသည်။ ပိုမို တွက်ခြေကိုက်ထိရောက်စွာ ထုတ်လုပ်ရန် နှင့် ၎င်းတို့၏ ဆန်စပါးသည် နိုင်ငံတကာ အရည်အသွေး စံသတ်မှတ်ချက်များဖြင့် ပြည့်မီကြောင်း သေချာစေရန် အစရှိသည်တို့အတွက်ငှာ ၎င်းတို့သည် ၎င်းတို့၏ စက်ရုံတစ်ခုလုံးအတွက် Bühler အား အဓိက သော့ချက်ကျသည့် ဝန်ဆောင်မှု ထောက်ပံ့သူအဖြစ် ရွေးချယ်ခဲ့ပေသည်။

၎င်းတို့၏ ဆန်စက်လုပ်ငန်းသည် တစ်ရက်လျှင် တန်ချိန် ၂၀၀၀ အထိအား အခြောက်ခံ၊ ထုတ်လုပ်နိုင်စွမ်း ရှိပြီး၊ တစ်နာရီလျှင် တန်ချိန် ၈၀ အထိအား အိတ်ပိတ်ထုတ်ပိုးနိုင်စွမ်း ရှိသည်။

About

Bühler မြန်မာ

နှစ်ပေါင်း ၁၅၀ ကျော် ဆန်စက်လုပ်ငန်းအတွေ့အကြုံ ရှိပြီး၊ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၁၄၀ တွင် တည်ရှိသော Bühler ၏ ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံအား စင်စစ် ယှဉ်ပြိုင်နိုင်မည့်သူ မရှိပေ။ အားလုံးသော ထုတ်လုပ်မှုလုပ်ငန်း လိုအပ်ချက်များ နှင့် ဆန်စပါး အမျိုးမျိုးတို့အတွက် အကောင်းဆုံးသော စက်ပစ္စည်းများ၊ ဝန်ဆောင်မှုများ နှင့် သင့် ဆန်စက်အား အကောင်းဆုံး လုပ်ဆောင်မှုပြုစေနိုင်မည့် စက်ကိရိယာအစိတ်အပိုင်းများ အစရှိသည်တို့ကို ရွေးချယ်နိုင်စေရန်အတွက်ငှာ ကျွန်ုပ်တို့၏ အာရှတစ်ဝှမ်းမှ ဆန်စပါး ကျွမ်းကျင်ပညာရှင်များသည် သင့်အား အကြံပြု၊ ထောက်ပံ့ကူညီပေးသွားမည် ဖြစ်ပါသည်။

အနာဂါတ် ဆန် နှင့် စပါး ထုတ်လုပ်မှု နည်းပညာ

#FeedingAsia

Solution

Bühler မြန်မာ၏ ဆန်စက်လုပ်ငန်းဆိုင်ရာ  ဖြေရှင်းမှုနည်းလမ်းများ

Bühler သည် ဆန်နှင့်ပတ်သက်ပြီး စပါးခင်းထဲမှစ၍ ထမင်းစားပွဲရှေ့သို့ ရောက်သည့်အထိ အစအဆုံး ဖြေရှင်းမှုနည်းလမ်းများအားလုံးကို တစ်ဦးတည်း ပံ့ပိုးထောက်ပံံ့ပေးနိုင်သူ ဖြစ်သည်။ ကျွန်ုပ်တို့၏ နည်းပညာသည် - စပါးနှင့်အတူပါလာသည့် အမှိုက်သရိုက်များအား ကနဦး သန့်စင်ရှင်းလင်းခြင်း၊ သိုလှောင်ခြင်း နှင့် အခြောက်ခံခြင်းမှစ၍ စပါးခွံခွာစက်များ၊ ဆန် အရောင်တင်စက်များ၊ ဆန်ဖြူဖွပ်စက်များ၊ ဆန် ရောင်ကွဲ နှင့် အရွယ်အစား ခွဲစက်များ နှင့် ထုတ်ပိုးစက်များအထိ - ဆန် နှင့် စပါး လုပ်ငန်းဆောင်ရွက်မှုများ အဆင့်ဆင့်ကို အပြည့်အ၀ တာဝန်ယူပေးနိုင်ပါသည်။

Success Story

ကမ္ဘာ့တိုက်ကြီးအသီးသီးတွင်အောင်မြင်မှုများရရှိထားခြင်း

Siam Parboiled - ထိုင်းနိုင်ငံရှိ စွမ်းဆောင်နိုင်စွမ်း မြင့်မားသော ဆန်စပါး ထုတ်လုပ်မှုလုပ်ငန်း

ထိုင်းနိုင်ငံရှိ Siam Parboiled Rice သည် ကမ္ဘာတစ်ဝှမ်း နေရာလပ်မကျန်သို့ ၎င်းတို့၏ဆန်စပါးအား တင်ပို့ရောင်းချလျက် ရှိသည်။ ပိုမို တွက်ခြေကိုက်ထိရောက်စွာ ထုတ်လုပ်ရန် နှင့် ၎င်းတို့၏ ဆန်စပါးသည် နိုင်ငံတကာ အရည်အသွေး စံသတ်မှတ်ချက်များဖြင့် ပြည့်မီကြောင်း သေချာစေရန် အစရှိသည်တို့အတွက်ငှာ ၎င်းတို့သည် ၎င်းတို့၏ စက်ရုံတစ်ခုလုံးအတွက် Bühler အား အဓိက သော့ချက်ကျသည့် ဝန်ဆောင်မှု ထောက်ပံ့သူအဖြစ် ရွေးချယ်ခဲ့ပေသည်။

၎င်းတို့၏ ဆန်စက်လုပ်ငန်းသည် တစ်ရက်လျှင် တန်ချိန် ၂၀၀၀ အထိအား အခြောက်ခံ၊ ထုတ်လုပ်နိုင်စွမ်း ရှိပြီး၊ တစ်နာရီလျှင် တန်ချိန် ၈၀ အထိအား အိတ်ပိတ်ထုတ်ပိုးနိုင်စွမ်း ရှိသည်။

CASL – ဆန်နှင့်ပတ်သက်ပြီး ဆီနီဂေါလ်တွင် ထူးခြားချက်တစ်ခုအား ပြုလုပ်ခြင်း

ပြင်သစ် စိုက်ပျိုးရေးလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သည့် CASL သည် ဆီနီဂေါလ်၊ စိန့်လူးဝစ်(စ်)ရှိ West Africa တွင် ပထမဆုံးသော စက်မှု ဆန်လုပ်ငန်း စက်ရုံအား ဖွဲ့စည်းတည်ဆောက်ခဲ့သည်။ ၎င်းအား ဖြစ်ပေါ်လာစေရန် ပြုလုပ်ပေးခဲ့သော Bühler အဖွဲ့သည် ကမ္ဘာ့တိုက်ကြီး နှစ်တိုက်အကြား ချဲ့ ထွင် လုပ်ဆောင်ခဲ့သည်။

CASL ၏ စက်ရုံလုပ်ငန်းသည် ဟက်တာ ၂၇၀၀ ကျော်အပေါ်တွင် ဖြန့်ကျက် တည်ဆောက်ထားခြင်း ဖြစ်ပြီး၊ တစ်နှစ်လျှင် ဆန်ဖြူ တန်ချိန် ၄၅,၀၀၀ (တစ်နာရီလျှင် ၈ တန်) အထိအား ထုတ်လုပ်ပေးနိုင်စွမ်း ရှိသည်။

Al Dahra - အာဘူ ဒါဗီမှ အရည်အသွေးမြင့်မားသော ဆန်

Al Dahra Rice Mill ဆန်စက် စက်ရုံသည် ပင်လယ်ကွေ့ဒေသ၌ ၎င်းအမျိုးအစား အကြီးမားဆုံး နှင့် တစ်ခုတည်းသော စက်ရုံလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားပြီး၊ ၎င်း၏ မြင့်မားလှသော အစားအသောက် အန္တရာယ်ကင်းစိတ်ချရမှု စံချိန်စံညွှန်းများ နှင့် အရည်အသွေးမြင့်မားသော ဆန် ထုတ်လုပ်မှုတို့အတွက် Bühler ၏ Ultra Line အား ရွေးချယ်ခဲ့ပေသည်။

Al Dahra Rice Mill ဆန်စက်၏ ထုတ်လုပ်နိုင်စွမ်းမှာ တစ်နာရီလျှင် ၁၈ မက်ထရစ် တန်ချိန်အထိ ရှိသည်။ ၎င်း၏ သိုလှောင်ရုံအခု ၄၀ မှ သိုလှောင်ရုံတစ်ခုစီသည် ဆန် တန်ချိန် ၇၅၀ အထိအား သိုလှောင်နိုင်ပေသည်။

Bühler မြန်မာ၏ ဒေသခံ ဆန်စပါး ကျွမ်းကျင်ပညာရှင် ဦးဖုန်းလွင်

ဦးဖုန်းလွင် သည် ဆန်စပါး ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်တွင် Bühler မြန်မာအပိုင်း၏ ဒေသခံ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သည်။ ၎င်းသည် ဤလုပ်ငန်းနယ်ပယ်၌ အတွေ့အကြုံ ၄ နှစ် ရှိထားပြီး၊ ပေါ်ဆန်မွှေး နှင့် အခြားအမျိုးအစားများကဲ့သို့သော ဒေသခံ ဆန်စပါး အမျိုးမျိုးနှင့်သက်ဆိုင်သည့် ဆန်စက် အမျိုးမျိုးအတွက် ကော်မရှင် နှင့် မွမ်းမံအဆင့်မြင့်ခွင့် ရရှိထားသူ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆန် နှင့် ဆန်စက် လိုအပ်ချက်များနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက သင်၏ ဒေသခံ ဆန်စပါး ကျွမ်းကျင်ပညာရှင်ဖြစ်သည့် ဦးဖုန်းလွင် ထံသို့ ဆက်သွယ်လိုက်ပါ။

Myanmar.png

Contact Us
bottom of page